Welcome to mmict-zone

wl

-:: MMICT-ZONE မှ ကူးယူတင်ပြသော ဘလော့များအား ဆိုဒ်လိပ်စာထည့်သွင်းပေးပါရန် မေတ္တာရပ်ခံပါတယ် ::-

Thursday, November 1, 2012

Windows 7 Tips and Tricks

Windows 7 ရဲ့ Tips and Tricks များ....

1. Folder လေးတစ်ခုဆောက်ချင်တယ်ဆိုရင်
Shortcut ကတော့ Ctrl + Shift + N

2. God Mode ဆိုတာလေးကိုသုံးမယ်
God Mode ဆိုတာကတော့ Windows မှာပါလာတဲ့ Control Panel လိုမျိုးဖြစ်ပြီး CP မှာမရနိုင်တဲ့ tools တွေကိုအဲ့မှာရနိုင်မှာဖြစ်ပါတယ်။
God Mode ကိုသုံးဖို့ Desktop ပေါ်မှာ Folder လေးတစ်ခုဆောက်ပေးပါ။ ပြီးရင် Rename ဆိုပြီး ဒီနာမည်လေးပြောင်းလိုက်ပါ။
GODMODE.{ED7BA470-8E54-465E-825C-99712043E01C}

3. Logon screen ကိုကိုယ်ကြိုက်တာပြောင်းမယ်
အရင်ဆုံး Run ထဲမှာ regedit လို့ရိုက်ထဲ့ပြီး registry ထဲကိုသွားပါ။
ပြီးရင် HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Authentication\LogonUI\Background ကိုရှာပါ။
ရှာလို့တွေ့ပြီဆိုရင် OEMBackground လို့ခေါ်တဲ့ DWORD key ကို double click နှိပ်ပါ။ တစ်ကယ်လို့ အဲ့ဒီ key မရှိရင် အသစ် create လုပ်လိုက်ပါ။ value ကို 1 ထားပေးပါ။ ပြီးရင်ကိုယ်ပြောင်းချင်တဲ့ပုံကိုရှာပါ။ အဲ့ဒီပုံရဲ့ size က 256KB ထက်တော့သေးဖို့လိုပါတယ်။ ပြီးတာနဲ့ အဲ့ဒီပုံကို %windir%\system32\oobe\info\backgrounds ထဲကို copy လုပ်ပါ။ ဒီ directory ကိုသွားချင်ရင် run ထဲမှာ ဒီ path လမ်းကြောင်းကိုရိုက်ထည့်လိုက်ပါ။ရောက်သွားပါလိမ့်မယ်။ ပြီးတာနဲ့ခုနက copy လုပ်ထားတဲ့ image file ကို backgroundDefault.jpg ဆိုပြီးပြောင်းလိုက်ပါ။ အားလုံးပြီးသွားပြီဆိုတာနဲ့ restart ချလိုက်ပါ။ ကိုယ့် PC မှာ custom logon screen ကိုမြင်ရမှာဖြစ်ပါတယ်။

4. Booting ပိုမြန်အောင်လုပ်မယ်
အခုနောက်ပိုင်း PC တွေဟာ multi-core processor တွေကိုအသုံးပြုလာကြပါပြီ။ Boot time (သို့) start up ကိုပိုမြန်စေချင်တယ်ဆိုရင်
အရင်ဆုံး Run ထဲမှာ msconfig လို့ရိုက်ထည့်ပါ။ပြီးတာနဲ့ windows တစ်ခုကိုမြင်ရပါလိမ့်မယ်။ အဲ့ဒီထဲကမှ Boot ဆိုတဲ့ tab အောက်ကိုသွားပေးပါ။ အဲ့ဒီ tab အောက်မှာ number of cores ဆိုတာကိုတွေ့ပါလိမ့်မယ် အဲ့ဒီထဲကမှ ကိုယ့် PC မှာရနိုင်မယ့် အမြင့်ဆုံး core ကိုရွေးပေးပါ ဥပမာ 4 ပေါ့ ပြီးတာနဲ့ Memory မှာလည်းအဲ့လိုပဲအမြင့်ဆုံးရနိုင်မယ့် ပမာဏကိုရွေးပေးပါ ဥပမာ 4098 ပေါ့။ အဲ့ဒီတွေအားလုံးပြီးသွားပြီဆိုတာနဲ့ Apply ကိုနှိပ်ပါ ပြီးရင် restart ချလိုက်ပါ။ ကိုယ့် PC ဟာအရင်ထက်ပိုပြီး booting မြန်လာပါလိမ့်မယ်။

5. Windows ကပေးထားတဲ့ Disk Defragmenter ကို Parallel လုပ်ခိုင်းခြင်း
ကျွန်တော်တို့ Windows 7 ကပေးတဲ့ Disk Defragmenter ကိုဒီအတိုင်းသုံးမယ်ဆိုရင် disk တစ်ခုကို defrag လုပ်ပြီးမှနောက်တစ်ခုကို defrag လုပ်လို့ရပါတယ်။ အဲ့လိုမဟုတ်ပဲ ရှိသမျှ disk တွေအားလုံးကို parallel defrag လုပ်ခိုင်းချင်တယ်ဆိုရင် ဒီ command လေးကို cmd ထဲမှာ run ပေးပါ။
defrag /c /h /u /r
ဒါဆိုရင် windows ဟာ disk တွေကို parallel defrag လုပ်သွားပါလိမ့်မယ်။

6. Windows ကိုသုံးရတာပိုမြန်အောင်လုပ်မယ်
အရင်ဆုံး Run ထဲမှာ temp ဆိုပြီးရိုက်ထည့်ပါ။ ပြီးတာနဲ့ temp ဆိုတဲ့ folder ထဲကိုရောက်သွားပါလိမ့်မယ် ။အဲ့ဒီအခါကျရင် ရှိသမျှ file တွေကိုအကုန် delete လုပ်ပစ်ပါ။
နောက်တစ်ခုကတော့ Run ထဲမှာပဲ %temp% ဆိုပြီးရိုက်ထည့်ပါ။ ခုနကလို file တွေကို အကုန် delete လုပ်ပစ်ပါ။
နောက်ဆုံးတစ်ခုအနေနဲ့ကတော့ Run ထဲမှာပဲ prefetch ဆိုပြီးရိုက်ထည့်ပါ။ ရှိသမျှ file တွေအားလုံးကို delete လုပ်ပစ်ပါ။ အားလုံးပြီးတာနဲ့ recycle bin ထဲက file တွေကို ပါအားလုံး delete လုပ်ပါ။ ပြီးရင် restart ချလိုက်ပါ။ သင့်ရဲ့ Windows ဟာအရင်ထက်သိသိသာသာမြန်လာတာကို ခံစားရပါလိမ့်မယ်။
 
Credit : IT4M

No comments:

Related Posts Plugin for WordPress, Blogger...