Welcome to mmict-zone

wl

-:: MMICT-ZONE မှ ကူးယူတင်ပြသော ဘလော့များအား ဆိုဒ်လိပ်စာထည့်သွင်းပေးပါရန် မေတ္တာရပ်ခံပါတယ် ::-

Thursday, November 1, 2012

Whatsapp

Computer ပေါ်မှ Whatsapp မယ်
--------------------------------------
ကဲ...
လိုအပ်တာတွေကတော့...
Andriod Emulator Software ကို Download...
ပြီးရင် Whatsapp ကို install လုပ်လိုက်ရုံပါပဲ...

Emulator Software အတွက်ကတော့
(https://www.facebook.com/techforeveryone009/posts/371597872921221?ref=notif&notif_t=like)
(OR)
http://bluestacks.com/

ပထမဆုံး အဲ့ Software ကို Download ဆွဲလိုက်ပါ...
ပြီးရင် Software ကိုဖွင့် Whatsapp ကို install လုပ်ပါ။ မတွေ့လျှင် ညာဘက်ထောင့်အစွန်မှာ Search Icon လေးရှိပါတရ်...
အဲ့ဒါကို click ပြီး၊ Whatsapp လို့ရိုက်ထည့်လိုက်ပါ။
ကဲ အားလုံးလုပ်ပြီးပြီဆိုလျှင် Whatsapp icon ကို Double Click နှိပ်ဖွင့်၊
Verification လုပ်ခိုင်းပါလိမ့်မည်။ မိမိနိုင်ငံ၏ ဒေသကုဒ် နှင့် ဖုန်းနံပါတ်ကို ရိုက်ထည့်လိုက်ပါ။
ထို့နောက် မိမိဖုန်းကို SMS ဆန့်ပါမည်။
သို့သော်...မရပါ...Error လာပြပါလိမ့်မည်။
ထိုအခါ "Call me" ကို select လုပ်ပါ။
အဲ့အခါကျရင် နိုင်ငံခြားဖုန်းနံပါတ်နှင့် မိမိကို ဖုန်းခေါ်ပါလိမ့်မည်။
သူပြောသော Code သုံးခု ကို မှတ်ပါ...ပြီးလျှင် ရိုက်ထည့်လိုက်ပါက
Whatsapp ကို ကွန်ပျူတာတွင် သုံးနိုင်သွားပါမည်။

မိမိ Whatsapp ထဲတွင် Group များရှိနေပါက auto ပေါ်မည်ဖြစ်ပြီး...
Contact များကိုမူ Manually ရိုက်ထည့်ပေးရပါမည်။
Contact ထည့်ရန်အတွက်...
Software ၏ Screen အောက် ဘယ်ဘက်တွင်ရှိသော Menu ခလုတ်လေးကို နှိပ်ကာ Add Contact လုပ်ခြင်းဖြင့် Contact များထည့်သွင်းနိုင်ပါမည်ဖြစ်ပါသည်။

ဘာများထူးခြားသွားလဲ ဆိုလျှင်တော့...
ဖုန်း keyboard တွင် နှိပ်ရသည်ကို အားမရသောသူများအတွက်
လွယ်လွယ်ကူကူ ကွန်ပျူတာ keyboard နှင့် တွယ်လို့ရသွားပါမည်ဖြစ်ပါတရ်...

Credit : IT4M

No comments:

Related Posts Plugin for WordPress, Blogger...