Welcome to mmict-zone
wl
-:: MMICT-ZONE မှ ကူးယူတင်ပြသော ဘလော့များအား ဆိုဒ်လိပ်စာထည့်သွင်းပေးပါရန် မေတ္တာရပ်ခံပါတယ် ::-
Wednesday, December 19, 2012
Wireless password cracking formula D-link ( Malaysia + Singapore)
Download လုပ်စရာလဲ မလို DVD ထဲ ဗန်းစရာလဲ မလို အလွယ်ဆုံးနည်းတခု ပေးမယ်နော်။ ဒီနည်းကို ကျွန်တော် လွန်ခဲ့ တဲ့  ၄ နှစ် က ဆိုဒ်တခုမှာ သူငယ်ချင်း ၁ ယောက်ကြောင့် စာကြောင်း အနည်းငယ်ရေးပြီးတင်ခဲ့ ဖူးပါတယ်။ အဲ့ ဒီကနေစပြီးတော့ ကျွန်တော့်ကို ဦးနှောက်စားတော့တာဘဲ။ ဒီနည်းလေးက ကျွန်တော်တို့  သယ်ရင်းတွေ ရှာတွေ့ တဲ့  Formula တခုပါ။ သိပြီးတဲ့ သူကလဲ တိတ်တိတ်လေးနေ မသိသေးတဲ့ သူတွေက အသာလေးကြည့်နော်။ ဒီ Formula ကို အားလုံးကို သိစေချင်တာပါ။ ဒါမှလဲ ကိုယ်သုံးနေတဲ့  Wireless Routar Security Key လုံခြုံမှုရှိမရှိ သိရမှာပေါ့။ ကဲ စကားတွေ လည်းပြောပြီးပြီ အလုပ်စရနော်။ wireless network ကို ကြည့်ကြရအောင်..
အပေါ်မှာကပုံမှာ အနီနဲ့ ဘောင်ခတ်ထားတဲ့  ESSID မှာဂဏန်းတွေနဲ့ ပေါ်လာခဲ့ မယ်ဆိုရင် ပုံထဲကအတိုင်း ( SSID 02F221 ) ကိုသွားပြီး Double click သို့ မဟုတ် Click ၁ချက်ပေးပြီး Connect လုပ်ပါ။ Network Security Key တောင်းလာခဲ့ ရင် အောက်က ပုံအတိုင်းဆက်လုပ်ပါ။
အရင်ဆုံးလုပ်ရမှာက Display Charaters ကို အမှတ်အရင်ခြစ်ပေးပါ။ ပြီးရင် Caps Lock ကို ၁ ချက်နှိပ်ပေးပြီး Key စထည့်ရမယ်နော်။  ( ESSID 02F221) ကိုရှေ့က 0(Zero) ကိုဖြုတ်ပြီး ( 2F221 ) ဒီအတိုင်းချရေးပြီး နောက်က ( 1FFB0) ထည့်ပေါင်းပေးရပါမယ်။ အက္ခရာတွေကို အကြီးနဲ့ ရေးရမယ်နော် Ex.. ( 2F2211FFB0 ) အဲ့ ဒီအတိုင်းဖြစ်ရမယ်။ Key အားလုံးပေါင်း 10 လုံးရှိရပါမယ် အောက်ပုံ ကို ကြည့်ပါ။
အားလုံးပြီးသွားပြီဆိုရင် Key တွေကိုသေချာပြန်စစ်ပြီး Connect ကို Click ပါ။
( SSID- 02F221 ) မှာ Connected ဖြစ်သွားရင် သူငယ်ချင်းတို့  ဘယ်လို ခံစားရမလဲ။ အပျော်သဘောပါနော်။ အလွယ်ဆိုရင်တော့ လုပ်ကြ မှာတော့ သေချာတယ်။ နောက်တခါ WPA/WPA2 Password Crack နည်း ဆက်ရေးမယ်နော်..
Tuesday, December 18, 2012
Final Downloader with converter
Safe Browsing Tool WOT
Would you like to know which websites you can trust? The Web of Trust (WOT) add-on is a safe surfing tool for your browser. Traffic-light rating symbols show which websites you can trust when you search, shop and surf on the Web.             Add Here
အဲ့ လို Link တွေ လာ ရင် ဒါမှ မဟုတ် အန္တရယ် ၇ှိတဲ့  Webpage တွေ ကို အလွယ် တကူခွဲခြား လို့  ရအောင် မသိသေးတဲ့ တခြားသူတွေ အတွက် ပြန်လည်မျှပေး လိုက် ပါတယ်.. သူငယ် ချင်းများ တွေ့  ကရာ Link ကို ကလစ်ခြင်း မှ ကင်းဝေး ကြ ပါစေ။
GSM Secret Codes
                                            <<<GSM Secret Codes>>>
*#61#  Check redirection status. Cancel all redirections ##002#
*43# to activate call waitinG, to deactivate #43#
If your phone doesn't have incoming call barring and outgoing call barring, you can try this. For outgoing call barring dial *33*barcode*# and pres Ok
To deactivate it dial #33#barcode*#. On any phone on any network type in **43# to enable conference calls. You can make up to 7 calls at once
If you need to block SMS reception (if you are spammed by someone) just press this code:*35*xxxx*16# xxxx is your Call Barring code (default is 0000). To remove this barring type:#35*xxxx#
If you want to hide/show your phone number when calling, put one of these codes below in front of the number that you are going to call.(*#30# / *#31# or *31# / #31# ) Works on some networks.Typing *0# or *nm# on the beginning of a txt message gives you detailed delivery report on some networks.. But turn off reports in message settings before
When the sim card-pin blocked type **042*pin2 old*newpin2*newpin2
CHINA Mobile Codes
                            Guys . Check Out These Codes .....
 LCD Contrast => *#369# 
Software version => *#900# 
Set English languse => *#001# 
Set Default language => *#0000# 
Default user CODEx 1234, 1122, 3324, 5678 
Enginer mode => *#110*01#
Factory mode => *#987# 
Restore Factory Settings
*#77218114# 
*#881188# 
*#94267357# 
*#9426*357# 
*#19912006# 
*#118811# 
*#364663# 
*#987*99# 
>Default user code : 1122, 3344, 1234, 5678
>Engineer mode : *#110*01#
>Factory mode : *#987#
>Enable COM port : *#110*01# -> Device -> Set UART -> PS Config -> UART1/115200
>Restore factory settings : *#987*99#
>LCD contrast : *#369#
>Software version : *#800#
>Software version : *#900#
>Set default language : *#0000# Send
>Set English language : *#0044# Send
>Set English language (new firmware) : *#001#
Reset Samsung Mobile Tracker Codes
Reset Any Samsung Mobile Tracker Code
These Code Reset All Code In Your Samsung Mobile (Any Model)
Samsung Tracker Code Also Reset By These Codes
If You Forget Your Code Don't Worry
>> Turn Off Your Mobile
>> Remove The SIM
>> Turn On Your Mobile Without SIM
>> Enter The Code *2767*637# (Universal Unlock Code)(Reset Mobile Tracker Code)
>> Enter The Code *2767*3855# (Full EEPROM Reset)(Reset All Type Of Code)
Download Auslogics File Recovery 3.2.1.0 Cracked Full Version Full Crack
System Requirements: Windows 7/2008/Vista/2003/XP (32-bit & 64-bit) 15 MB available hard disk space 256 MB RAM       DOWNLOAD
Tuesday, December 11, 2012
Huawei all in one driver လေးပါ။
ဟာဝေး ဖုန်းတွေ အားလုံးကို ကွန်ပြူတာနဲ. ချိတ် တဲ့အခါ driver မရှိရင် ကွန်ပြူတာက မသိပါဘူး---ကွန်ပြူတာက မသိရင် ဘာမှ ကွန်ပြူတာက လုပ်မပေးပါဘူး အဲ့ဒီ အခါ ကွန်ပြူတာက ဒီဖုန်းကို သိအောင် ဒရိုင်ဘာ ဆော့ဝဲလေး သွင်းပေးရပါတယ် ။အဲ့လို ဒရိုင်ဘာသွင်းမှ ကွန်ပြူတာနဲ.ဖုန်း ချိတ်ပီး ကိုယ်ကလိချင်တာ ကလိလို.ရပါတယ်----------ဟားဝေးဖုန်းတွေက တော့ အရင်က သူ.မော်ဒယ် နဲ.သူ ဒရိုင်ဘာတွေကို သူ.ဆိုဒ်က သွားဒေါင်းပီး ခေါင်းစားရပါတယ် အခုတော့ ကျွန်တော်ခု တင်ပေးတဲ့ ဆော့ဝဲလေး က ဖုန်းက ဟာဝေးသာ ဖြစ်ပလေ့စေ့ မော်ဒယ်က ဘယ်လောက်ဖြစ်ဖြစ် ဒီဆော့ဝဲလေးက ဂရုမစိုက်ပါဘူး ဟာဝေးဖုန်းမှန်ရင် ကွန်ပြူတာနဲ. ချိတ်လို.ရအောင်လုပ်ပေးပါတယ် အရမ်းမိုက်ပါတယ် လိုချင်ရင်တော့အောက်မှာဒေါင်းနော် သွင်းတာက တော့ setup ကိုကလစ် နှစ်ချက်နှိပ်ပီး သွင်းရင် ရပါတယ် အောက်မှာဒေါင်းပါ
https://www.dropbox.com/s/8dvnf7rsbd4r9s7/Driver.rar
mediafire express portable လေးပါ။
ဒီဆော့ဝဲလေးကတော့ mediafire မှာ upload တင်ရင် မြန်အောင် လုပ်ပေးတဲ့ဆော့ဝဲလေးပါ ။ အရင်ကတော့ installer file နဲ.တင်ဖူးပါတယ်။ ခုတော့ သွားလေရာ သယ်သွားလို.ရအောင် ကိုယ်တိုင် portable လေးလုပ်ပီး တင်ပေးလိုက်ပါတယ် လိုချင်ရင်တော့ အောက်မှာဒေါင်းပါ
https://www.dropbox.com/s/sgy7hkbpnxrapmb/MediaFire%20Express.exe
Deepfrzee လေးပါ။
မသိသေးသောသူများအတွက်ပါ
Deepfreeze ဆိုတဲ့ဟာလေးကတော့ တော်တော် မိုက်ပါတယ် သူက ဘာတွေ လုပ်ပေးလဲဆိုရင် သူ.ကို သွင်း တဲ့ အချိန်မှာ ၀င်ဒိုး ဖိုင်တွေ ရှိတတ်တဲ့ ဗိုင်းရပ်တွေ အများဆုံး ၀င်အောင်းနေတတ်တဲ့ :C drive ကို ချက်ပေးခဲ့မယ် ဆိုရင် ကွန်ပြူတာကို restart ချလိုက်တာနဲ. အကုန်လုံးဟာ ဒီဆော့ဝဲ တင်ခါစက လိုပဲ ဖြစ်နေမှာပါ အဲ့လိုမှ မဟုတ်ဘူး :C ကော အခြား ပါတေးရှင်းတွေကော ချက်ပေးထားမယ် ဆိုရင် ဘာမှ သွင်းလို. လဲမရသလို restart ချလိုက်တာနဲ. အကုန်လုံးဟာ မူလအတိုင်းပြန်ဖြစ်နေမှာပါ အဲ့ ကွန်ပြူတာ ဖွင့်ပီး အဲ့ဒီဆော့ဝဲ သွင်းတုန်းက ချက်ပေးခဲ့တဲ့ ပါတေးရှင်းတွေမှာ ဖိုင်တွေ ဖျက်ခဲ့တယ် ဆိုရင်လည်း မပူပါနဲ. restart သာချလိုက်ပါ ဖိုင်တွေ အကုန်လုံးဟာ မူလအတိုင်းပြန်လည် ပီး အဲ့နေရာမှာပဲ ရှိနေမှာပါ။ဒီဆော့ဝဲကတော့ ကွန်ပျြူတာကို restart ချလိုက်တာနဲ. မူလအတိုင်းဖြစ်စေပါတယ် ပြောချင်တာကတော့ အသုံးပြုလို.ရအောင် :C တစ်ခုကိုပဲ check ပေးပီးမှ သွင်းပါ ။ ဒါမှ အခြားပါတေးရှင်းတွေ မှာ ဖိုင်တွေ လွယ်လွယ်ကူကူ သွင်းနိုင်ထုတ်နိုင်မှာပါ။ပက်ဝက်လဲပေးလို.ရပါတယ်။ပက်ဝက်ပေးပီးရင်တော့ မမေ့အောင်မှတ်ထားပေါ့။ပက်ဝက်နဲ.ပဲအဲ့ဆော့ဝဲကို အပိတ်အဖွင့်လုပ်လို.ရမှာမို.လို.ပါ။ပရိုဂရမ်ဖွင့်ခြင် ပိတ်ခြင်ရင် Ctrl+Shift+Alt+F6 ကီးတို.ကို တွဲနှိပ်ပေးပီး ပက်ဝက်ထည့်ပေးရမှာပါ ။
ကောင်းကျိုးတွေကတော့ ဗိုင်းရပ် ကြောင့်သော် လည်းကောင်း အခြား အကြောင်းကြောင်းကြောင့် သော်လည်းကောင်း ဒီဆော့ဝဲ ကို သုံးထားခြင်းအားဖြင့် window system ကို လုံးဝမထိခိုက်နိုင်ပါ ပြောရရင် ၀င်းဒိုး လုံးဝမကျတော့ဘူး။ပီးရင် သွင်းပီးသား ပရိုဂရမ်တွေ ဗိုင်းရပ်ကြောင့် လုံးဝမထိခိုက်ခြင်း
ဆိုးကျိုးကတော့ ပရိုဂရမ်တွေ သွင်းခြင်ရင် သူ.ကို ပက်ဝက်နဲ. ပြန်ဖွင့်ပီးမှ တစ်ခါ restart ကျပီးမှ သွင်းလို.ရခြင်း(အချိန်ကြာတာပေါ့နော်) ဂိမ်းကစား ရင်း save လို.မရခြင်း တို.ပါပဲ
လိုချင်ရင်တော့အောက်မှာယူနိုင်ပါတယ်
https://www.dropbox.com/s/m8n8lyxcabbkqfn/deepfreeze.exe
Huawei phone များကို ကွန်ပြူတာနှင့် usb cableအသုံးပြုကာ အင်တာနက်သုံးအသုံးပြုနည်း
တ်ာတော်ကို လွယ်ပါတယ် ဟာဝေး မှမဟုတ်ပါဘူး အခြား portable hostspot ပါတဲ့ ဖုန်းတိုင်း usb cable အသုံးပြုပီး ချိတ်လို.ရပါတယ် အဓိကကတော့ ကွန်ပြူတာက ဖုန်းကို သိဖို. drivers ဆော့ဝဲလေး အရင် သွင်းရတာပါပဲ ဟာဝေးဖုန်းတွေ အတွက် driver ကတော့ တစ်ခုတည်းနဲ.ပီးတယ် ဒီကိုကလစ်နှိပ်ပီးဒေါင်းပါ။ 
အင်း ဒေါင်းပီးရင် အဲ့တာလေးကို ကွန်ပြူတာမှာ install လုပ်လိုက်ပါ။ပီးရင်တော့ ဖုန်းကို ကွန်ပြူတာနဲ. usb ကြိုးအသုံးပြုပီး ချိတ်ပေးပါ။ ပီးရင် ဖုန်းက အင်တာနက် လိုင်းကို ဖွင့်လိုက်ပါ ။နောက်တစ်ဆင့်ကတော့ ဖုန်းထဲက wireless and network>wifi techering and portable hostpot>ပီးရင် အပေါ်ဆုံးနားက usb techering ကိုcheck ပေးလိုက်ပါ ဒါဆို အားလုံး ok သွားပါပီ ကွန်ပြူတာမှာတော့ အင်တာနက် လိုင်းရကြောင်း ဘာမှ မပြပါ ကိုယ့်ဟာကိုယ် mozilla ဖွင့်ပီး သုံးကြည့်ပါ အားလုံး ok သွားပါပီ။ဟာဝေးမဟုတ်တဲ့ အခြားဖုန်းတွေလဲ မိမိ ဖုန်းအမျိုးအစားအလိုက် driver ရှာပီး အထက်ပါအတိုင်း လုပ်လို.ရပါတယ် ။ အဆင်မပြေတာ ရှိပါက c box တွင် မေးလို.ရပါတယ်ခင်ဗျ-----------
အစ္စလာမ်ဆိုဒ်များအား mobile ဖုန်းများတွင်ကြည့်နိုင်ရန် application(for android)
အစ္စလာမ် ဆိုဒ်တွေ ကို ဖုန်းတွေမှာ ကြည့်ဖို.အတွက် ရသလောက် apk ဖိုင်လေးတွေ လုပ်ထားပါတယ်. အောက်မှာဒေါင်းနော်
mmvoice
http://www.appsgeyser.com/getwidget/myanmarmuslimsvoice%20news
မွတ်စလင် သတင်းစဉ်
http://www.appsgeyser.com/getwidget/muslimtime%20news
www.myanmarislam.com
http://www.appsgeyser.com/getwidget/myanmar%20islam%20knowledges
new@mmsy
http://www.appsgeyser.com/getwidget/myanmar%20muslim%20news
islamburmeseknowledgebooks
http://www.appsgeyser.com/getwidget/burmese%20islamic%20books
Tuesday, December 4, 2012
Samsung Galaxy S i9000 hard reset လုပ်နည်း။
Samsung Galaxy S  တစ်လုံး OS က reboot ပဲဖြစ်နေပြီး သုံးလို့ မရဘူး ဖြစ်နေတယ်။ အဲဒါနဲ့ hard reset လုပ်ပေးလိုက်တာ အဆင်ပြေသွားလို့ အဲဒီနည်းလေးဖော်ပြပေးလိုက်တယ်။ တခြားအကြောင်းကြောင့် hard reset လုပ်မယ်ဆိုရင် အရင်ဆုံး data တွေကို backup လုပ်ထားပါ။
1. ဖုန်း battery ဖြုတ်ပါ။ ပြီးရင် battery ကိုပြန်တပ်ပါ။
2. volume up ခလုတ် နဲ့ volume down ခလုတ် နှစ်ခုလုံးတစ် ပြိုင်တည်း နှိပ်ထားပါ။ အဲဒီလို ခလုပ်နှစ်ခုတစ်ပြိုင် တည်းနှိပ်ထားချိန်မှာ power ခလုတ် ကိုသုံး လေး စက္ကန့်လောက် ဖိပြီး ပြန်လွတ်လိုက်ပါ။ volume up ခလုတ် နဲ့ volume down ခလုတ် နှစ်ခုလုံး ဆက်နိပ်ထားပေးပါ။ အောက်ကပုံအတိုင်း စာတွေပေါ်လာရင် ခလုတ်တွေလွှတ်လိုက်ပါ။
3. volume down ခလုတ်သုံးပြီး တတိယမြောက် wipe data/factory reset ကိုရွေးပါ။ power button နှိပ်ပေးပြီး select လုပ်ပေးပါ။
4. ပြီးရင် yes -- delete all user data ကိုရွေးပေးပါ။ (အဆင့်၃ကလိုပဲ volume down နဲ့ power button သုံးပါ။)
5. phone ကို reboot လုပ်ပေးပါ ။ ပြန်တက်လာရင် တောင်းတာလေးတွေပြန်ဖြည့်ပေးလိုက် ဒါဆို ok ပြီ။
အဆင်ပြေပါစေ။
Friday, November 23, 2012
တ၇ုတ်ဖုန်းနှင့်ယိုးဒယားဖုန်းအင်တာနက်ချိတ်ဆက်နည်း
တ၇ုတ်ဖုန်းနှင့်ယိုးဒယားဖုန်းအင်တာနက်ချိတ်ဆက်နည်း
 http://askhideki.com/wp-content/uploads/2012/03/China-Mobile-PC-Suite-500x372.jpg
ခေါင်းစဉ်ကိုကြည့်တော့တစ်မျိုးကြီးဖြစ်သွားလား။တကယ်လုပ်လို့ ရတယ်ဗျ။တ၇ုတ်ဖုန်းနှင့်ယိုးဒယားဖုန်းအင်တာ
နက်ချိတ်ဆက်နည်းလို့ ခေါင်းစဉ်တပ်ထားမှတော့တကယ်ရလို့ ပေါ့ဗျာ။ကဲသိချင်ရင်တော့စကားနည်းနည်းပြော
မယ်။Facebook နဲ့ အခြားနေရာတွေအတော်များများမှာAndroid ဖုန်းပဲအင်တာနက်ချိတ်လို့ ၇တယ်ပြောကြ
တယ်ဗျ။အကိုကျွန်တော်အင်တာနက်ချိတ်ချင်လို့ ပါ။ကျွန်တော်ဖုန်းကတရုတ်ဖုန်းပါလို့ မေးကြရင်Android ဖုန်းဝယ်လိုက်တဲ့။အဲဒါဘာစကားလဲဗျာ။ကျွန်တော်သာဆိုရင်လက်မခံဘူး။အရင်ဖုန်းတွေကလွင့်ပစ်လိုက်ရမှာ
လား။မ၀ယ်နိုင်တဲ့သူတွေဆိုရင်ရော်အင်တာနက်သုံးလို့ မရဘူးလား။မေးစရာတွေအများကြီးရှိလာပါတယ်။
       မည်သို့ ပင်ဆိုစေကာမှုကျွန်တော်မင်းမင်းဇော်အဆင့်ဆင့်ရှင်းပြပေးသွားပါမယ်။
အဆင့်ဆင့်ကတော့------------
(၁)တရုတ်ဖုန်းပဲဖြစ်ဖြစ်၊ယိုးဒယားဖုန်းပဲဖြစ်ဖြစ်ရှိရပါမယ်။
(၂)Driver နဲ့ PC Suite ရှိရပါမယ်။
(၃)ဖုန်းကဒ်ကအင်တာနက်လိုင်းလျှောက်ထားပြီးသားဖြစ်ရပါမယ်။
(၄)ကွန်ပျူတာရှိရပါမယ်။
(၅)Windows 98,2000,Xp,Vista,7 တင်ထားရပါမယ်။
(၆)တရုတ်ဖုန်းနှင့်ကွန်ပျူတာကို Internet Setting ချိန်ထားရမှာဖြစ်ပါတယ်။
(၇)အင်တာနက်စသုံးနိုင်ပြီးဖြစ်ပါတယ်။
(၂)ကတော့Driver နဲ့ PC Suiteရှိပါမယ်။
တရုတ်ဖုန်းနှင့်ယိုးဒယားဖုန်းDriver ဒီမှာ ဒေါင်းပါ။
PC Suite ကသုံးခုရှိပါတယ်။တစ်ခုမရရင်နောက်တစ်ခုနဲ့ လုပ်ပါ။
PhoneSuite04
PhoneSuite07
PhoneSuite09
***ယိုးဒယားဖုန်းအတွက်သီးသန့် အင်တာနက်ချိတ်လို့ ၇တဲ့ဆော့်ဝဲလေးပါ။***
ဒီမှာ Modem for TWZ ဒေါင်းပါ
ဒီမှာ DialUp Setting TWZ ဒေါင်းပါ 
(၆)တရုတ်ဖုန်းနှင့်ယိုးဒယားဖုန်းတွေမှာGPRS မှာmptnet၇ိုက်ထည့်ပါ။
Usernameတို့ Password တို့ မှာဘာမှမထည့်ပါနဲ့ ။ပြီးရင်တော့ကွန်ပျူတာကိုဖွင့်ပါ။မိမိဒေါင်းထားသော်
PC Suite ကိုဖွင့်ပါ။Setting ချိန်းပါ။ဘာမှခက်ခက်ခဲခဲမရှိပါ။
ဖုန်းကိုရွေးပေးပါ။
 http://i3.minus.com/jbuUsKUNYp7ECF.png
ပြီးရင်Dail Upထဲကနေ၀င်ပြီးတော့အောက်ကBoxနေရာမှာmptnet ရိုက်ထည့်ပေးပါ။
New ကိုနှိပ်ပါ။ပြီးရင်တော့Modify ကိုနှိပ်လိုက်ပါ။
 http://i3.minus.com/j6yUW3Uxd1Lyr.png
Network ကိုစဖွင့်ပါ။
(၇)ဒါဆိုရင်တော့အင်တာနက်စသုံးလို့ ၇ပါပြီး။
အဆင်ပြေကြပါစေဗျာ..............
2012 GMail အကောင့်အသစ်ဖွင့်ခြင်းနည်းလမ်း
Google ကအမြဲတမ်းအကောင့်ဖွင့်နည်းကိုပြောင်းလေ့ရှိပါတယ်။အဲတော့တစ်ခါဖွင့်တာနဲ့နောက်တစ်ခါဖွင့်
တာကတူချင်းမှတူမယ်လေ။အခုလဲလာပြန်ပြီးနောက်တစ်မျိုးပေါ့။အကောင့်လုပ်မယ်ဆိုရင်တော့လိုင်းကောင်း
ဖို့တော့လို့ပါတယ်။ပြီးတော့Google Chrome Browser နဲ့ လုပ်ပါ။ပထမဦးဆုံး ဒီLink ကိုနှိပ်ပါ။CreateNew Account ကို နှိပ်ပါ။
၁။  Name မှာ နာမည်ကို မြန်မာလိုရိုက်ပါ။
၂။  Gmail နေ၇ာမှာမိမိဖွင့်ချင်တဲ့အကောင့်နာမည်ကို ရိုက်ပါ။
၃။  Male, Female ရွေးပါ။
၎။  Mobile Phone ဆိုတဲ့နေရာမှာ United State ကိုရွေးပါ။
၅။  Secondary Email မှာ  Email လိပ်စာအမှန်ထားပေးပါ။
၆။  Security Code မှန်အောင်ရိုက်ပါ။
 ၇။  Location မှာ United State ရွေးပါ။
 ၈။  I agree to the Google Terms of Service and Privacy Policy မှာ အမှန်ခြစ်ပါ။
 ၉။  အကုန်ဖြည့်ပြီးရင် Next Step ကို နှိပ်လိုက်ပါ။။
 ဒါဆိုရင်တော့အကောင့်သစ်ကိုပိုင်ဆိုင်နိုင်ပါပြီး။လုပ်နိုင်ကြပါစေဗျာ..............
Thursday, November 22, 2012
Android device တွေအတွက် Factory reset မချပဲ Gmail account ဖျတ်နည်း
Android device တွေအတွက် လက်ရှိအသုံးပြုနေတဲ့
Gmail Account အကို အသုံးမပြုချင်တဲ့အခါ
အခြားမိမိအသုံးပြုနေတဲ့ Android apps တွေမပျက်ဘဲ၊
Factory reset ချစရာမလိုဘဲ
Gmail account ဖျတ်နည်းလေးပါ။
အခု အောက်မှာ ပြထားတဲ့ နည်းလမ်းလေးက Root လုပ်ထားတဲ့
Android device အတွက်ပဲ အသုံးပြုလို့ရမှာပါ။
Android device အတွက် Factory reset မချပဲ Gmail account ဖျတ်နည်း
Root Explorer v 2.7 အားရယူရန်
အဆင့် ၁ :
Android device မှာ ပထမဆုံး Root လုပ်ထားဖို့လိုပါတယ်။
အဆင့် ၂ :
Root explorer ကိုဖွင့်ပြီး
/data/system/
ထဲက file : accounts.db
ကိုရှာပါ။
အဆင့် ၃ :
( accounts.db ) file ကို
delete လုပ်ပါ။
အဆင့် ၄ :
Android device ကို Reboot ချပါ။
အဆင့် ၅ :
Android device ပြန်တက်လာပြီဆိုလျှင်
မိမိဖျတ်လိုက်သော gmail account ကို
ဖျတ်ပြီးသွားပြီ ဖြစ်တဲ့အတွက်
အခြား gmail account အသစ်ကို ထည့်ပြီးအသုံးပြုလို့ရပါပြီ။
လိုအပ်တဲ့သူများအတွက် အသုံးဝင်ကြမယ်ထင်ပါတယ်
အားလုံးကို ကျေးဇူးတင်ပါတယ် … :)
Pc Internet ကို Usb သုံးပြီး ဖုန်း မှာလည်း သုံးကြမယ်
PC မှာရှိတဲ့ အင်တာနက်ကွန်နက်ရှင်ကို android ဖုန်းတွေမှာ မျှစေသုံးနိုင်စေဖို့   ဒီပို့ လေးကို ရေးသားလိုက်ပါတယ်။
လိုအပ်တာတွေကတော့
သင့်ဖုန်းဟာ Root လုပ်ပြီးဖြစ်နေရပါမယ်။
Settings > Applications > Development > USB Debugging > Turn On ဖြစ်နေရပါမယ်။
သက်ဆိုင်ရာ driver တွေတင်ပြီးသားဖြစ်နေရပါမယ်(ဖုန်းနဲ့ကွန်ပျူတာ detect သိနေရပါမယ်)/
USB ကြိုး အဆင်သင့်ရှိနေရပါမယ်။
အရင်ဆုံး Reverse Tethering ဆိုတဲ့ ZIP ဖိုင်လေးဒေါင်းပါ။
Reverse Tethering.zip
ဒေါင်းလို့ ရလာတဲ့ ဖိုင်ကို ဖြည်လိုက်ပါ။
NO.1 Tracetool Service.apk File ကို Phone မှာ Install လုပ်ပေးပါ။
NO.2 apk ဖိုင်ကို install လုပ်ပြီးမှ Android Tool.exe ကိုRun ပါ။
No.1 က မိမိ တို့ devices name မပေါ်လျင် refresh လုပ်ပါ။
NO.2 Dns အဆင်ပြေ မပြေ Check လုပ်ပါ။
NO.3 အားလုံးအိုကေပီဆို Connect ဆိုတာလေးကို နှိပ်လိုက်ပါ။
ဒီပုံက Connect ခလုပ်ကိုနှိပ်ထားပြီး  အချိန်အနည်းငယ်ကြာတဲ့အခါမှာ ချိတ်ဆက်သွားမယ့်ပုံဖြစ်ပါတယ်။
ဆော့ဝဲလ်မှာ Connect ခလုပ်ကို နှိပ် လိုက်ပြီး  တာနဲ့ ဖုန်းမှာတင်ထားတဲ့ USB Ttunnel ဆော့ဝဲလ်လေးကို Run ပေးထားရမှာဖြစ်ပါတယ်။
ဒါကျနော့ဖုန်းမှာ စမ်းသပ်ထားတာဖြစ်ပါတယ်။ခုပုံအနေအထားကတော့ ဖုန်းမှာလဲ Connected ဖြစ်နေပါပြီ။
ဒါဆိုရင် မိတ်ဆွေတို့  ရဲ့  ဖုန်းထဲက Browser ဖွင့်ပြီး Website တွေဖွင့်ကြည့်နိုင်ပါပြီ.။ ဒီဆော့ဝဲလ်နဲ့  Facebook နဲ့ လဲ  အလုပ်လုပ်ပါတယ်.။ Market နဲ့ လဲ အဆင်ပြေတယ်လို့  တွေ့ရပါတယ်။
မူရင်း လင့်မှာလည်း  လေ့လာနိုင်ပါတယ်ခင်ဗျာ
http://forum.xda-developers.com/showthread.php?t=1371345
Saturday, November 17, 2012
Network ချိတ်ဆက်နည်း
ဆရာအောင်လင်း ရေးသားထားတဲ့စာအုပ်လေး တအုပ်ပါ......။ကွန်ပျူတာ 2လုံးအား အလွယ်ကူဆုံး Net work ချိတ်ဆက်နည်းfileများ၊ printerများ network ချိတ်ဆက်ပြီး မျှဝေသုံးစွဲနည်းnetwork gameကစားရန် ကွန်ပျူတာ 2လုံးအား network ချိတ်ဆက် ကစားနည်းကွန်ပျူတာ 2လုံးထက်ပိုပြီး network ချိတ်ဆက်နည်းserver ကွန်ပျူတာ ထည့်သွင်းပြီး Network ကို အသုံးပြု စီမံခန့်ခွဲခြင်း စသော်အကြောင်းရာများစွာပါဝင်ပါသည်..
ဖက်ရှု့လိုပါ က အောက်ကလင့်မှာDownload ယူလိုက်ပါ
 Network ချိတ်ဆက်နည်း EBook Download 
Credit to>>>www.noneaccessdenied.blogspot.com
Facebook တွင် Tag လုပ်ထားသည်များကို စိစစ်ပြီးမှ ဖော်ပြမယ်
အခုကျနော်ပြောပြမှာကတော့ မိမိတို့ကို Tag လုပ်ထားတာတွေကို  ချက်ချင်း မိမိ Wall မှာမပေါ်အောင်လုပ် လို့  ရမယ့်နည်းလမ်းလေးတစ်ခုပါ။ တချို့သော် ပိုစ့်တွေက စိတ်အနှောက်တော်တော်ဖြစ်စရာကောင်းတဲ့ ပိုစ့်တွေ မိမိကိုလာပြီး Tagတယ်ဆို သွားပြောမလို့ကလည်း အားနာနေတာနဲ့ မပြောလည်းမပြောချင် ဖြစ်နေတဲ့ သူငယ်ချင်းတွေအတွက် အဆင်ပြေမှာပါ။ကျွန်တောိ့ကု ဖေ့ဘုတ်မှာ သူငယ်ချင်း ဖြစ်တဲ့လူတွေကတော့ဒီနည်းလိုရင်လိုမှာ ကျွန်တော်က စိတ်ထဲရှိတာကို တင်ချင်ရင်တင်လိုက်တာပဲ ပြီးရင် Tag ပေးချင်တဲ့ လူကိုပေးလိုက်တာပဲ ဟီး.......။ကဲ စလိုက်ကျစို့ သူငယ်ချင်းတို့
အဆင့်-၁
facebook account က Privacy Settings settings ကိုနှိပ်ပါ 
အဆင့်-၂
အခုအဆင့်မှာ ပုံမှာပါတဲ့အတိုင်း Timeline and Tagging ဆိုတာလေက Edit Settings ဆိုတာလေးကိုနှိပ်ပါ..
အဆင့်-၃
ပုံမှာပါတဲ့ အတိုင်းEnabled ဆိုတာကိုရွေးပေးလိုက်ပါ
အဲသလို လုပ်ထာပါက ကိုယ့်ကို Tag တာတွေကို ချက်ချင်း မိမိ Wall မှာမပေါ်ပဲProfile ရှိ Activity Log တွင်သာNoti လေးဝင်နေတာကိုသာ တွေ့ ရပါလိမ့်မယ်။
Activity Log တွင် မိမိကို Tag လုပ်တာ ရှိသလောက် Noti တက်နေမှာ ဖြစ်ပါတယ်။ တကယ်လို မိမိ Wallမှာပေါ်စေချင်ရင်တော့ Approve (အမှန်ခြစ်) ပေးလိုက်ပါ သို့သော် မိမိ မပေါ်စေချင်ဘူးဆိုရင်တော့ Dismiss (အမှား) ကိုနှိပ်ပေးလိုက်ပါ..။
အဆင့်-၎
အခုအဆင့်မှာတော့ မိမိ Post တွေမှာ သူများတွေက Tag လုပ်တာတွေကို  Approve/Dismiss လုပ်ချင်တယ်ဆိုလျှင်တော့အခုပုံမှာပါတဲ့အတိုင်းEdit Settingsကိုနှိပ်ပြီး  Enabled သွားပြီးလုပ်ပေးလိုက် ရင်ရပါတယ်။
အဲဒါဆိုရင်ကိုယ် Tag မလုပ်စေချင်တဲ့လူတွေလာ Tag နေတာကို ကာကွယ်လို့ ရပါတယ်။ကဲ ပြော ဘာလိုသေးလဲ သူငယ်ချင်းတို့ရေ.........
Credit to>>> www.noneaccessdenied.blogspot.com
Friday, November 16, 2012
ဖုန်းနံပတ်ရိုက်ထည့်ခြင်းဖြင့် အိမ်လိပ်စာရှာရအောင်
http://www.zealot-mko.blogspot.com/    မှကူးချသည်။
ဖုံးနံပတ်လေသိယုံဖြင့်အိမ်လိပ်စာနဲ့အမည်ကိုသိလို့ရပါတယိ။
ဒီဆိုက်ကကူညီပါလိမ့်မယ်  www.myanmarteldir.com
ကိုယ်သိချင်တဲ့လူရဲ့ဖုံးနံပတ်ကိုသိရမယ်(ဒါပေမဲ့လိုင်းဖုန်းတွေပဲရမှာနော်)
CDMA AND GSM တော့အခုတော့မရသေးဘူး
နောက်တော့ရမယ်ထင်ပါတယ်
ပြီးရင်အဲဒီမှာကိုယ့်သိချင်တဲ့သူရဲ့ဖုံးနံပတ်(သို)နာမည်ရိုက်နော်
ပြီးတော့search နှိပ်လိုက်ပေါ့
ဒါဆိုရင်တော့ရပါပြီ
မြန်မာပြည်တစ်နိုင်ငံလုံးကဖုံးတွေကိုကြည့်လို့ရတယ်နော်
ပြီးနော်ဖုံးရဲ့အရှေ့ကနေပြည်တော်ဆိုရင်ဘာကုတ်ခံရမယ်ဆိုတာလဲကြည့်လို့ရတယ်
Thursday, November 15, 2012
Password သိတောင် Gmail အကောင့်ကို Hack လို့ မရစေရဘူး
အခုတလော ကြားနေရတယ် .. Group တွေ ဟက်ခံရတယ် .. Site တွေ ဟက်ခံရတယ် နဲ့ .. စိတ်မကောင်းဘူး။ ဘယ်လိုရည်ရွယ်ချက်နဲ့ပဲ ဟက်ဟက် အလကားရတဲ့အကောင့်တွေကို အဟက်ခံလိုက်ရတာ ဆိုပေမယ့် အကောင့်ပိုင်ရှင်အနေနဲ့ကတော့ သူ့ရဲ့ဂုဏ်သိက္ခာကို ဟက်ခံလိုက်ရတာပါပဲ ...
ဟက်တဲ့လူတွေကတော့ နည်းမျိုးစုံနဲ့ ဟက်ကြမှာပါပဲ .. Safe ဖြစ်အောင် ကြိုတင်ကာကွယ်ထားဖို့က အကောင့်ပိုင်ရှင်တွေရဲ့ တာဝန်ပါ .. Facebook အကောင့်ကို ဟက်နိုင်ရင် .. အဲဒီအကောင့်ပိုင်ရှင် Admin ဖြစ်နေတဲ့ Group တွေနဲ့ Page တွေ
ကို ထိန်းချုပ်နိုင်ပြီ .. Facebook အကောင့်ကို လုံခြုံအောင် ကာကွယ်တဲ့နည်းလမ်းတွေကိုတော့ နည်းပညာဘလော့ တော်တော်များများမှာ မျှဝေထားတာ တွေ့ရပါတယ် .. အဲ .. Gmail အကောင့်ကို လုံခြုံအောင် ကာကွယ်ဖို့အတွက်တော့ သိပ်မတွေ့ရဘူး .. User တစ်ဦးရဲ့ အကောင့်တွေဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန် မှီခိုနေတယ်ဆိုတာ အားလုံးလည်း သိကြမှာပါ .. ကျွန်တော် သတိထားမိသလောက်ကတော့ Group တစ်ခုကို Facebook အကောင့်တစ်ခုကို Page တစ်ခုကို Gmail အကောင့်ကနေ စပြီး ဟက်ကြတာက များနေသလိုပဲ (ဒါက ကျွန်တော့်ရဲ့ မဖြစ်ညစ်ကျယ် နည်းပညာ အသိလေးနဲ့ သုံးသပ်တာဖြစ်လို့ .. မှန်ချင်မှလည်း မှန်ပါမယ်) .. အဲဒီတော့ ကျွန်တော် သိထားတဲ့ Gmail အကောင့်လုံခြုံရေး နည်းလမ်းလေးတစ်ခုကို မျှဝေပေးဖို့ ဆန္ဒပေါ်လာပါတယ် .. တစ်ဦးတစ်ယောက်က တင်ပြထားပြီးသား ဖြစ်နေခဲ့ရင်လည်း .. ကျွန်တော့်ရဲ့ လေ့လာမှုနယ်ပယ် ကျဉ်းမြောင်း နေသေးတဲ့ အားနည်းချက် တစ်ခုအဖြစ် ခွင့်လွှတ်နားလည်ပေးကြဖို့ကိုလည်း ကြိုတင် တောင်းပန်ထားပါရစေ ..
ဒီနည်းလေးက .. User တစ်ဦးအနေနဲ့ ကိုယ့်ရဲ့ Gmail အကောင့် Password ကိုတောင် .. တခြားသူတစ်ဦးဦးကို ယုံယုံကြည်ကြည်နဲ့ ပေးလို့ရတဲ့ သိပ်ကို လုံခြုံတဲ့ နည်းစနစ်လေးပါ .. ကဲ .. စလိုက်ကြစို့ ..
ပထမဦးဆုံး .. ကိုယ့်ရဲ့ Gmail အကောင့်ထဲကို Sign in ၀င်လိုက်ပါ .. ပြီးရင် .. ကိုယ့်အကောင့်ရဲ့ ဘေးက Sign out လုပ်တဲ့ droup down table ထဲမှာရှိတဲ့ account ဆိုတာလေးကို နှိပ်လိုက်ပါ ..အဲဒီထဲက Security ဆိုတာလေးကို နှိပ်လိုက်ပါအဲဒီအဆင့်မှာ 2-step verification ဆိုတဲ့ row buttom ထဲက edit ကို နှိပ်ပါမယ် ..နောက်ထပ် Window အသစ်တစ်ခု ထပ်ပွင့်လာပါမယ် .. အဲဒီထဲမှာ လောလောဆည် ကိုယ်အသုံးပြုနေတဲ့ Gmail အကောင့်ရဲ့ Password ကို ရိုက်ထည့်ပေးပြီး Sign in လုပ်ရပါမယ် ..ပြီးရင် See how it works! ကိုနိုပ်ပါ နောက်တော့ Start setup>> ကိုနိပ်ပါPhone number ဆိုတဲ့ အကွက်ထဲမှာ ကိုယ့်အနေနဲ့ အလွယ်တကူ သုံးနိုင်မယ့် ဖုန်းနံပါတ်ကို နိုင်ငံ ကုဒ်လေးခံပြီး အပြည့်အစုံ ရိုက်ထည့် ပေးလိုက်ပါ .. ဥပမာ - ကိုယ့်ရဲ့ ဖုန်းနံပါတ်က 09*** ဖြစ်ပြီး မြန်မာနိုင်ငံက ဖုန်းနံပါတ်လည်း ဖြစ်တယ်ဆိုပါစို့ .. အကွက်ထဲမှာ +959***လို့ ရိုက်ထည့်ပေးရမှာပါ .. (ကောင်းတာက အဲဒီဖုန်းဟာ GSM ဆိုရင် ပိုကောင်းပါတယ် .. အင်တာနက်လိုင်း မဖွင့်ရသေးတဲ့ GSM ဆိုရင်လည်း အလုပ်လုပ်ပါတယ်) ပြီးရင်
တော့ Send code ကိုနှိပ်ပေးလိုက်ပါ .ခဏလောက်စောင့်လိုက်တဲ့အခါ (များသောအားဖြင့်တော့ ချက်ချင်း ဖုန်းဝင်လာပါတယ်) ဖုန်း Call တစ်ခုဝင်လာပါမယ် (ရေးမှတ်ထားဖို့ အဆင့်သင့်ပြင်ထားပါ) .. ဖုန်းကိုင်လိုက်တဲ့အခါ .. Your code is ဆိုတာရဲ့နောက်မှာ ကိုယ့်အတွက် Code ၆လုံးကို နှစ်ကြိမ်တိတိ ပြောပေးပါလိမ့်မယ် .. ရောထွေးတတ်တဲ့ အသံတွေပါလာရင် သတိထားပြီး နားထောင်မှတ်သားပါ .. (ဥပမာ .. 1 နဲ့ 9 / 6 နဲ့ 8 ....) တကယ်လို့ ဖုန်းက တော်တော်နဲ့ ၀င်မလာဘူးဆိုရင် Didn't get the code? ကို နှိပ်ပေးလိုက်ပါ .. ဒီအဆင့်ပြီးသွားရင်တော့အဲဒီထဲမှာ Trust this computer ဆိုတာလေးကို Default အတိုင်း အမှန်ဖြစ်မဖြုတ်ပဲ ထားပေးပြီး (တကယ်လို့ အမှန်ခြစ်မပါခဲ့ရင်လည်း တပ်ပေးပေါ့) Next ကို နှိပ်လိုက်ပါ
Confirm ကို နှိပ်ပေးလိုက်ပါ ..
2-step verification is ON ဆိုတာလေး ပေါ်နေရင် ပြီးပါပြီ .. Sigh out လုပ်ချင်လည်း လုပ်လိုက်ပါ ..
အခုဆိုရင် ကိုယ့်အနေနဲ့က Sign in လုပ်ဖို့ လွယ်ပေမယ့် .. (လွယ်တယ်ဆိုတာ .. ဒီ Security ကို လုပ်ခဲ့တဲ့ ကွန်ပြူတာနဲ့ပဲနော် .. တခြား device ၊ တခြားကွန်ပြူတာ ကိုသုံးပြီး Sign in သွားလုပ်ရင် .. Code တောင်းတော့မှာ .. အဲဒီအခါ .. ကိုယ်ပေးထားတဲ့ ဖုန်း ကိုယ့်နားမှာရှိမှ Sign in လုပ်လို့ရမယ်သာမှတ် ..) တကယ်လို့ တခြားတစ်ယောက်ယောက်က ဒါမှမဟုတ် တခြား Device တစ်ခုခုကနေ .. ကိုယ့်ရဲ့ အကောင့်ကို Sign in လုပ်မယ်ဆိုရင် .. ကိုယ်ထည့်ပေးထားတဲ့ ဖုန်းနံပါတ်ကို Code ပြောပြမယ့် Call လေး ၀င်လာပါမယ် .. အဲဒီ Code ကို ရိုက်မထည့်နိုင်ရင် .. အကောင့်ပိုင်ရှင် ဖြစ်နေဦးတော့ .. ကန်တော့ဆွမ်းပါခင်ဗျာ ..
ကဲ .. Password ကို သိရတာတောင် .. ဟက်လို့မရနိုင်တော့တဲ့ Gmail အကောင့်လေးတစ်ခုကို ပိုင်ဆိုင်နိုင်ကြပါစေဗျာ ........အားလုံးပဲ စိတ်အလို မကျမှုအပေါင်းမှ ကင်းဝေနိုင်ပါစေဗျာ..........။
အားလုံးကို ခင်မင်လေးစားလျှက်
Credit to>>>http://noneaccessdenied.blogspot.com/
ShweBook အင်္ဂလိပ်မြန်မာ အဘိဓာန် for Android Os
Android ဖုန်းတွေခေတ်စားလာတာနဲ့အမျှ Android ဖုန်းအတွင်းမှာ ထည့်သွင်းအသုံးပြုနိုင်တဲ့ Appတွေကို ပြည်တွင်းက နည်းပညာရှင်များက
ရေးဆွဲလာကြတာအတော်လေးကိုများပြားလာခဲ့ပ
ါပြီ။ အခမဲ့ပေးတဲ့ Appတွေ
လည်း ရှိသလို အခပေးသုံးမှရနိုင်တဲ့ App တွေကို လည်းတွေ့မြင်နေရပါ
တယ်။ ယခုဖော်ပြမယ့်App လေးကတော့ Android ဖုန်းတွေ၊တက်ဘလက်
တွေမှာထည့်သွင်းအသုံးပြုနိုင်မယ့်အင်္ဂလိပ်-မြန်မာ၊ မြန်မာ-အင်္ဂလိပ် အဘိ
ဓာန်လေးပဲဖြစ်ပါတယ်။ယခင်ထွက်ဖူးတဲ့ Appတွေရှိခဲ့ဖူးပေမယ့် ယခုဘိဓာန်
လေးလောက် သပ်ရပ်မှုမရှိခဲ့ပါဘူး။ယခု ShweBookအဘိဓာန်လေးကသပ်
ရပ်သလို အသုံးပြုရတာလည်း ရိုးရှင်းလှပါတယ်။
ထူးခြားချက်ကတော့ မိမိဖုန်းဟာAndroidဖုန်းဖြစ်ရန်သာလိုအပ်ပြီး မြန်
မာ ဖောင့်များသွင်းမထားရသေးတာတွေ၊Root လုပ်ပြီးမှ တင်လို့ရမှာတွေကို
ကျော်လွန်ပြီး မိမိဖုန်းအတွင်းမှာ မြန်မာစာဖောင့်မရှိလည်းမြင်တွေ့နိုင်ခြင်းပါပဲ။
နောက်တစ်ချက်ကတော့Rootလုပ်စရာမလိုပဲ ထည့်သွင်းနိုင်ခြင်းဖြစ်ပါတယ်။
ဒါပေမယ့် မြန်မာစာဖောင့် မထည့်ထားတာတွေ၊မြန်မာစာကီးဘုတ် မရှိတာတွေ ဆိုရင်တော့ မြန်မာ-အင်္ဂလိပ်ရှာတဲ့နေရာမှာ နည်းနည်းအခက်တွေ့နိုင်ပါတယ်။
ယခုဗားရှင်းအနေနဲ့ 2.0အထိရှိလာခဲ့ပြီး ယခင်ဗားရှင်း 1.0မှာတုန်းက
ပြသနာလေးတွေerrorလေးတွေကိုဖြေရှင်းပေးထားကြောင်း ShweBook၏
Facebookစာမျက်နှာမှာ ဖော်ပြထားပါတယ်။အားနည်းချက်တစ်ခုကတော့
ယခုဗားရှင်းဟာ Android 3.0အထက်ဖုန်းများတွင်သာအသုံးပြုနိုင်ကြောင်း
သိရပါတယ်။ Android OS 3.0အောက်ဖုန်းများမှာ အခက်အခဲများဖြစ်ပေါ်နိုင်ပြီး အခက်အခဲတစ်စုံတစ်ရာပေါ်ပေါက်ပါက
support@shwebook.comသို့ဆက်သွယ်ကာအကူအညီများတောင်းခံနိုင်
ကြောင်းကိုလည်းဖော်ပြထားပါတယ်။ ShweBookAppကိုရယူလိုရင်တော့
www.shwebook.com မှာဝင်ရောက်ရယူနိုင်ပါတယ်။
Link:http://www.shwebook.com/
Credit to>>>http://noneaccessdenied.blogspot.com/
Wednesday, November 14, 2012
အလှအပဆိုင်ရာ........♥
ဆောင်းတွင်း (သို့) အေးတဲ့နေရာတွေမှာနေရလို့ ကိုယ့်မျက်နှာလေးက ခြောက်သွေ့လာလို့ပဲဖြစ်ဖြစ် ….
နွေပူပူမှာ မျက်နှာအဆီပြန်လာလို့ပဲဖြစ်ဖြစ်….
ဝက်ခြံ မဲ့ခြောက် မပေါက်အောင် ကာကွယ်ချင်လို့ပဲဖြစ်ဖြစ်…
ကိုယ့်မျက်နှာလေးကို တစ်ပတ်တစ်ခါ သို့ တစ်လတစ်ခါ ဂရုစိုက်ပေါင်းတင်ချင်ကြမယ့် ပျိုပျိုမေတွေအတွက် ရော ကိုကို တို့ အတွက်ပါ အသုံးဝင်တဲ့ ပိုက်ဆံလည်းမကုန် ကိုယ့်မီးဖိုချောင်က ရှိပြီးသား ပစ္စည်းလေးတွေနဲ့ အလွယ်တကူ ပေါင်းတင်လို့ရတဲ့ နည်းလမ်းလေးတွေကို ဝေမျှလိုက်ပါတယ်။
၁) အဆီပြန်ခြင်းကို ကာကွယ်သည့် ကြက်ဥ အကာ ဖြင့် မျက်နှာပေါင်းတင်နည်း
* ကြက်ဥ အကာကို အနှစ်နဲ့ မရော အောင် သပ်သပ်ခွဲထုတ်ပြီး မျက်နှာပေါ် ကိုသုတ်လိမ်းပေးပါ။ မျက်စိထဲမ၀င်မိပါစေနဲ့။နာရီဝက်ကြာ ထားပြီး တင်းနေတဲ့ မျက်နှာကို ရေနှင့်စင်အောင် ပြန်ဆေးပါ။
* ကြက်ဥ အနံ့ပျောက်အောင် ကြိုက်နှစ်သက်ရာ မျက်နှာသစ်ဆေးရည် နဲ့ တစ်ထပ်ပြန်ဆေးနိုင်ပါတယ်။
ဒီ မျက်နှာပေါင်းတင်နည်း ဟာ အဆီပြန်တဲ့ အသားအရေအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ ကိုယ့်အသားအရေက နွေမှာ အဆီပြန်တတ်တယ်ဆိုရင်လည်း နွေမှာ ဒီ နည်းလေးနဲ့ အများဆုံး တစ်ပတ်တစ်ခါ ပေါင်းတင်လို့ရပါတယ်။
ခြောက်သွေ့တဲ့ အသားအရေတွေအတွက် တော့ ဒီနည်းဟာ မသင့်တော်ပါဘူး ။ ပိုပြီး ခြောက်သွေ့လာနိုင်ပါတယ်။
ခြောက်သွေ့တဲ့အသားအရေအတွက် ပေါင်းတင်နည်းကို ဆက်လက်ဖော်ပြသွားပါမယ်။
၂) အသားအရေ ခြောက်ခြင်းကို ကာကွယ်သည့် ခရမ်းချဉ်သီး နှင့်သကြား ဖြင့် မျက်နှာ ပေါင်းတင်နည်း
* ခရမ်းချဉ်သီးအမည့်ကို ကန့်လန့်ဖြတ် ပုံစံ အကွင်းပြားလေး မထူမပါး လှီးဖြတ်ပါ။
* သကြားကို ပန်းကန်အပြန့်ပေါ် လက်ဖက်ရည်စွန်းတစ်စွန်း ခပ်ထည့်ပါ။
* ခရမ်းချဉ်သီးအပြား ကို သကြားနှင့်လူးပြီး မျက်နှာပေါ် အနှံ့ ခရမ်းချဉ်သီးအရည် အကုန်ကြေသည်အထိ သုတ်လိမ်းပါ။
* သုတ်လိမ်းပြီးပါက ၁၀ မိနစ်ခန့် ထားပြီး ဆေးကြောသန့်စင်နိုင်ပါပြီ။
ဒီမျက်နှာပေါင်းတင်နည်း ဟာ ခြောက်သွေ့တဲ့ အသားအရေအတွက် အထူးသင့်လျော်တဲ့ ရေဓာတ်ဖြည့်ပေးတဲ့နည်းဖြစ်ပါတယ်။ ဆောင်းတွင်းဘက် ကိုယ့်အသားအရေ ခြောက်လာတယ်လို့ ခံစားရရင်လည်း ဒီနည်းလေးနဲ့ အများဆုံး သုံးရက်တစ်ခါ ပေါင်းတင်နိုင်ပါတယ်။
ဆက်လက်ပြီး မည်သည့်အသားအရေမဆို သုံးလို့ရတဲ့ တိုနာ အစားထိုး မျက်နှာဆေးနည်း တစ်ခုဝေမျှချင်ပါသေးတယ်။
၃) ချွေးပေါက်ကျဉ်းစေတဲ့ ရေနွေးကြမ်း (သို့ )လက်ဖက်ရည်ကြမ်းရေခဲ နှင့် မျက်နှာပေါင်းတင်နည်း
* လက်ဖက်ခြောက် အထုပ် ဖြစ်ဖြစ် အမှုန့်ဖြင့်ဖြင့် တစ်ခွက်ကို ရေနွေးဖြင့်ဖျော်ပြီး လက်ဖက် အရောင်ကျပြီး နောက်တဲ့ အထိထားပါ
* လက်ဖက်ခြောက်ရည်ထဲကို ဗီတာမင် E အဆီလေးပါ ထည့်မွှေပေးပါ (ဒီအဆင့်က မထည့်လည်းရပါတယ်။ ထည့်ရင်တော့ ပိုကောင်းပါတယ်။)
* အရောင်ကျနေတဲ့ လက်ဖက်ရည်ကြမ်းကို မွှေပြီး ရေခဲတုံးပြုလုပ်တဲ့ ခွက်အကန့်လေးထဲသို့ လောင်းထည့်ပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲထည့်ပြီး နောက်တစ်နေ့ ရေခဲတုံးဖြစ်တဲ့ အထိစောင့်ပါ။
* နောက်တစ်နေ့ ရေခဲသေတ္တာထဲကနေ လက်ဖက်ခြောက် ရေခဲတုံးလေးတွေကို တစ်နေ့တစ်တုံး ထုတ်ပြီး မျက်နှာသစ်ဆပ်ပြာဖြင့် ဆေးကြောသန့်စင်ပြီး တဲ့ မျက်နှာပေါ်မှာ နေရာအနှံ့ကို ပွတ်တိုက်နိုင်ပါပြီ။
ဒီနည်းဟာ မျက်နှာပေါ်က ချွေးပေါက်တွေကိုကျဉ်းစေနိုင်တဲ့ Toner အစားထိုး သဘာဝနည်းလေးဖြစ်တဲ့ အပြင် နေ့စဉ် သုံးခြင်းဖြင့် မျက်နှာကို ပိုမို လင်းလက် တောက်ပ လာစေတာကို သတိထားမိမှာပါ။ မည့်သည့် အသားအရေအမျိုးအစားနှင့်မဆိုလည်း သင့်တော်တဲ့ နည်းလေးဖြစ်ပါတယ်။
ကိုယ့်အသားအရေ အခြေအနေပေါ်မူတည်ပြီး သင့်တော်တဲ့ နည်းနဲ့ ၀က်ခြံ မဲ့ခြောက်ရန်က ကင်းအောင် ကိုယ့်မျက်နှာလေးကို အိမ်မှာ ဂရုစိုက်ပေါင်းတင်နိုင်ကြပါစေဗျာ...........!
THANKS FOR ALL!
ဝမ်းဗိုက်မှာ အဆီတွေစုပြီး ဗိုက်ပူနေလို့ စိတ်ညစ်နေသူတွေအတွက် ဗိုက်ပူတာ လျော့ကျအောင် လုပ်နိုင်မယ့် အလွယ်နည်းတွေကို ရေးသားလိုက်ပါတယ်........♥
ဝမ်းဗိုက်မှာ အဆီတွေစုပြီး ဗိုက်ပူနေလို့ စိတ်ညစ်နေသူတွေအတွက် ဗိုက်ပူတာ လျော့ကျအောင် လုပ်နိုင်မယ့် အလွယ်နည်းတွေကို ရေးသားလိုက်ရပါတယ်။
ဖတ်ကြည့်လိုက်နော်......
(၁) လေ့ကျင့်ခန်း လုပ်ပါ
လေ့ကျင့်ခန်း အားလုံးဟာ ကိုယ်အလေးချိန် လျော့ကျစေပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အခါ ဝမ်းဗိုက်အဆီကျအောင် စွမ်းအားမြင့် လေ့ကျင့်ခန်းကို လုပ်ဖို့ လိုအပ်ပါတယ်။ လေ့လာမှုအရ အမျိုးသမီးအုပ်စု သုံးခုကို တစ်ပတ်မှာ ငါးကြိမ်ခန့် မတူညီတဲ့ လေ့ကျင့်ခန်းတွေကို လုပ်စေခဲ့ရာ ကယ်လိုရီ လောင်ကျွမ်းပုံချင်း တူပေမယ့် စွမ်းအားမြင့် လေ့ကျင့်ခန်းကို လုပ်ဆောင်တဲ့ အုပ်စုတစ်ခုရှိ အမျိုးသမီးတွေကသာ ဝမ်းဗိုက်အဆီ လျော့ကျမှုရှိခဲ့တာကို တွေ့ရပါတယ်။ စွမ်းအားမြှင့် လေ့ကျင့်ခန်းတွေမှာ အိပ်ထမတင် လေ့ကျင့်ခန်း၊ ခါးလှည့် လေ့ကျင့်ခန်းစတဲ့ လေ့ကျင့်ခန်း အမျိုးအစားတွေ ပါဝင်နေပါတယ်။
(၂) ဗိုက်ကို တုန်ခါအောင် လုပ်ပါ
ဗိုက်ကို တုန်ခါစေတဲ့ စက်နဲ့ အဆီချပေးတာက ထိုင်-ထ လေ့ကျင့်ခန်း လုပ်သလို ခြောက်လအတွင်းမှာ ဝမ်းဗိုက်အဆီကို သိသိသာသာ လျော့ကျ စေတာကိုတွေ့ရပါတယ်။
(၃) ညနေခင်းတွင် အလင်းရောင်ကို လျှော့ချပါ
စိတ်ဖိစီးမှု ဟော်မုန်း ကော်တီဆော အဆင့်မြင့်တက်မှု ရှိတာက ဝမ်းဗိုက်အဆီတိုးတာနဲ့ ဆက်စပ်မှု ရှိပါတယ်။ ညဘက်မှာ ကော်တီဆော ဟော်မုန်းအဆင့် လျော့ကျအောင် အိပ်ရာမဝင်ခင် တစ်နာရီအလိုမှာ လျှပ်စစ်ပစ္စည်းတွေကို ပိတ်ပြီး အနားယူပေးဖို့ လိုပါတယ်။ ကွန်ပျူတာကို ညဥ့်နက်တဲ့အထိ အသုံးပြုတာကို ရှောင်သင့်ပါတယ်။ ဒါဆိုရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျပါလိမ့်မယ်။
(၄) စောစော အိပ်ရာဝင်ပါ
တစ်ညမှာ ၅-၆ နာရီခန့်ပဲ အိပ်တဲ့သူတွေက တစ်ညမှာ ၇-၈ နာရီလောက် အိပ်တဲ့သူတွေထက် ခါးနဲ့ ဗိုက်နေရာတစ်ဝိုက်မှာ အဆီတက်ပြီး ဝနိုင်ခြေ ၆၀ ရာခိုင်နှုန်း ပိုများကြောင်း လေ့လာ တွေ့ရှိရပါတယ်။ “အိပ်ရေးပျက်တာက ဆာလောင်မှု တိုးစေတဲ့ Ghrelin ဟော်မုန်းကို အထွက်တိုးစေပြီး ဆာလောင်မှုကို ဟန့်တားပေးတဲ့ Leptin ဟော်မုန်းကို လျော့ကျစေလို့ ဖြစ်တယ်” လို့ အိပ်စက်မှုဆိုင်ရာ ပညာရှင် ဒေါက်တာ စတန်လေက ဆိုပါတယ်။ လူတွေက ပင်ပန်းနွမ်းနယ်တဲ့အခါ သကြားပါတဲ့ ကာဗိုဟိုက်ဒရိတ်အစာကို များများ စားမိတာကြောင့် ဗိုက်ပူလာရတာ ဖြစ်ပါတယ်။
(၅) ရှလကာရည် သောက်ပါ
တစ်နေ့မှာ ရှလကာရည် ထမင်းစားဇွန်း နှစ်ဇွန်းသောက်တဲ့ အဝလွန်သူတွေက အချဉ်ရှောင်တဲ့ တခြားသူတွေထက်ဗိုက်ပူတာ ငါးရာခိုင်နှုန်း လျော့ကျမှု ရှိစေတယ်လို့ ဂျပန်သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ ရှလကာရည်မှာ အဓိက ပါဝင်တဲ့ Acetic Acid ဟာ ခန္ဓာကိုယ်အဆီတွေ လောင်ကျွမ်းအောင် လှုံ့ဆော်မှုပေးတာကြောင့် ဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ပြုလုပ်ရမယ့် နည်းကတော့ အစာမစားခင်မှာ ရေနွေးတစ်ဖန်ခွက်ထဲကို ရှလကာရည် ထမင်းစားဇွန်း တစ်ဇွန်း ထည့်ပြီး သောက်သုံးရမှာ ဖြစ်ပါတယ်။
(၆) ဒိန်ချဉ်စားပါ
နေ့စဉ် ကယ်လိုရီကို ထိန်းချုပ်ပြီး စားနေတဲ့သူတွေဟာ ဒိန်ချဉ်မှ ကယ်လ်စီယမ် ၁၁၀၀ မီလီဂရမ်လောက် ရနေရင် ဝမ်းဗိုက်အဆီ ၈၁ ရာခိုင်နှုန်း လျော့ကျမှု ရှိတာကို တင်နက်ဆီး တက္ကသိုလ်မှ လေ့လာ တွေ့ရှိရပါတယ်။ ကယ်လ်စီယမ်ဟာ အဆီကို လောင်ကျွမ်းစေလို့ ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ တခြားအစာတွေ အနေနဲ့ အခွံချွတ်မထားတဲ့ ကောက်နှံစာ (ဥပမာ- ဆန်လုံးညို၊ ခေါက်ဆွဲညို) နဲ့ မပြည့်ဝဆီ(အခွံမာတဲ့ အစေ့အဆန်၊ ထောပတ်သီး၊ ငါး) စတာတွေကိုလည်း စားပေးရမှာ ဖြစ်ပါတယ်။
(၇) စိတ်ဖိစီးမှုကို အနိုင်ယူပါ
စိတ်ဖိစီးမှုဟာ ဝမ်းဗိုက်မှာ အဆီပိုတွေ စုနေတာနဲ့ အကြီးအကျယ် ဆက်စပ်မှုရှိပါတယ်။ အကြောင်းကတော့ စိတ်ဖိစီးမှုများနေချိန်မှာ အဒရီနယ်ဂလင်းမှ ကော်တီဆော အလွန်အမင်း ထွက်လာလို့ပါ။ ကော်တီဆော အထွက်များတာက အင်ဆူလင် ထွက်နှုန်းတိုးစေပြီး အဆီတွေ စုနေစေပါတယ်။
(၈) ဗီတာမင်ဒီကို ရယူပါ
နေ့စဉ် နံနက်တိုင်း အိမ်အပြင်မှာ ၁၅ မိနစ်လောက်နေပြီး နေခြည်နုနုမှ ဗီတာမင်ဒီရအောင် ယူပါ။ ဗီတာမင်ဒီဟာ အဆီတွေကို ချေဖျက်ပေးနိုင်တဲ့ အရာဖြစ်ပါတယ်။ ဗီတာမင်ဒီ မလုံလောက်တာကြောင့် အဝလွန်တာကို ဖြစ်စေနိုင်ပါတယ်။
(၉) ဆေးလိပ်သောက်တတ်လျှင် ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်တာဟာ ဗိုက်ပူစေတယ်လို့ နယ်သာလန် ဆေးစင်တာမှ သုတေသီတွေက ဆိုပါတယ်။ အကြောင်းရင်းကို တိတိကျကျ မသိကြသေးပေမယ့် ဆေးလိပ်သောက်တာဟာ ခန္ဓာကိုယ်ထဲမှာ အီစထရိုဂျင် ဟော်မုန်းရဲ့ လုပ်ဆောင်မှုကို လျော့ကျစေပြီး ကျားဟော်မုန်းရဲ့ လွှမ်းမိုးမှုကို တိုးစေတာကြောင့် ဗိုက်ပူတာ ဖြစ်နိုင်တယ်လို့ သုတေသီတွေက ယူဆထားပါတယ်။
THANKS FOR ALL!
Saturday, November 10, 2012
Sony Imagination Studio 4
FL Studio 10.0.9
Who's Is On My Wifi V2 Ultimate........♥
ဒီဆော့ဖ်ဝယ်လ် လေးက ကိုယ့် Internet Wifi ကို ဘယ်သူတွေ ခိုးသုံးနေလဲ ဆိုတာကြည့်လို့ ရပါတယ်။
Key & Keygen ကော ထည့်ပေးထားပါတယ်။ ဖိုင်လ်ဆိုဒ်ကတော့ 3.07MB  ရှိပါတယ်။လိုချင်သူများဒေါင်းနိုင်ပါတယ်။
http://www.mediafire.com/?x8sujrgp48y2809
THANKS FOR ALL!
Friday, November 9, 2012
wnetwatcher...........♥
ဒီဆောဖ့်ဝယ်လ် ကတော့ မိမိအသုံးပြုနေတဲ့ အင်တာနက်လိုင်း ဒါမှမဟုတ် WIFI လိုင်း ဘဲဖြစ်ဖြစ် အဲ့ဒီ့ လိုင်းပေါ်မှာ အသုံးပြုနေတဲ့သူတွေ ရဲ့  IP Adress ကို ကြည့်လို့ ရပါတယ်။
လိုချင်သူများဒေါင်းဖို့ လင့်ခ်ကတော့
http://www.mediafire.com/?2pzvp7t5y654ezz
THANKS FOR ALL!
WirelessKeyView..........♥
http://www.mediafire.com/?q7loydm0i9odxux
THANKS FOR ALL!
Thursday, November 8, 2012
Facebook မေးလ်တွေနဲ့ ရှုပ်နေတဲ့ သူငယ်ချင်းတွေအတွက်
တစ်နေ့တစ်နေ့ Fb ထဲက Notification မေးလ်တွေနဲ့ ရှုပ်နေလို့ ဥပမာ ကျွန်တော်လို ကောင်ကို သူငယ်ချင်းဖြစ်ထားရင်တော့ သူငယ်ချင်းတို့ အဲဒါကို လုပ်ထားကြမှာပဲ ဟဲ :D အဲဒီ့ မေးလ်တွေ မလိုချင်ဘူးဆိုရင် မပို့အောင် လုပ်နိုင်ပါတယ်.. ပထမဆုံး Fb ထဲကိုဝင်လိုက်ပါ..
ပြီးရင် Account settings ထဲကိုသွားပြီး Notifications ကိုသွားပါ.. ဒါဆိုရင် Send a notification when someone: ဆိုတဲ့ အောက်မှာ fb ရဲ့ ဘာလုပ် ရင် မေးလ်ပို့မယ်ဆိုတဲ့ အချက်တွေရှိပါတယ်..
မေးလ်မှာ Email ရဲ့အောက်မှာ ကိုမလိုချင်တဲ့ အကြောင်းကြားစာကို uncheck လုပ်ရုံပါပဲ..
ဥပမာ.. တစ်စုံတစ်ယောက်က ကိုယ့်ကို သူငယ်ချင်းတစ်ယောက် အနေနဲ့ လာပြီး addလုပ်ထားရုံနဲ့
မေးလ်မပို့စေချင်ရင် Adds you as a friend ရဲ့ Email မှာ uncheck လုပ်ရုံပေါ့.. ပြီးရင် ထုံးစံအတိုင်း Save changes ပေါ့.. ဒါဆို အိုကေပါပြီ.
Credit to>>www.noneaccessdenied.blogspot.com
Related Posts Plugin for WordPress, Blogger...