Welcome to mmict-zone

wl

-:: MMICT-ZONE မှ ကူးယူတင်ပြသော ဘလော့များအား ဆိုဒ်လိပ်စာထည့်သွင်းပေးပါရန် မေတ္တာရပ်ခံပါတယ် ::-

Wednesday, October 31, 2012

Windows 7 Disk Manager With Partition

Windows 7 ရဲ့ Disk Manager ဖြင့် Partition ပိုင်းခြင်း...

Hard Disk ကို partition ပိုင်းရခြင်းအကြောင်းအရင်းကတော့ အကယ်လို့များကိုယ့် computer ဟာ virus ကြောင့်ဖြစ်စေ တစ်ခြား software error ကြောင့်ဖြစ်စေ Windows မတက်တော့တဲ့အခါကျရင် ကိုယ့်ရဲ့
personal data file တွေကိုပါ ထိခိုက်လာနိုင်ပါတယ်။အဲ့လိုမဖြစ်ရအောင်ကျွန်တော်တို့ဟာနောက်ထပ် Partition တစ်ခုကိုထပ်ပိုင်းပြီးအဲ့ဒီ Partition ထဲမှာပဲကျွန်တော်တို့ရဲ့ personal data file တွေကိုသိမ်းထားခြင်းကပိုပြီး safe ဖြစ်ပါတယ်။ကျွန်တော်တို့ဟာ ဒီတစ်ခါမှာတော့ တစ်ခြား third party software တစ်ခုခုမသုံးတော့ပဲ အလွယ်ကူဆုံးနဲ့စိတ်ချရဆုံး partition ပိုင်းခြင်းနည်းလမ်းဖြစ်တဲ့ disk manager ကိုသုံးပြီးပြုလုပ်မှာဖြစ်ပါတယ်။

အရင်ဆုံး Windows 7 ရဲ့ disk manager ကိုသွားဖို့ run ကိုအရင်ဆုံးသွားပါ။ Windows Logo + R နှိပ်ပြီးလည်းသွားလို့ရပါတယ်။ ပြီးရင် diskmgmt.msc လို့ရိုက်ထည့်ပါ။

အဲ့ဒါဆိုရင် ပထမဆုံးအဆင့်အနေနဲ့ Disk Management Windows တစ်ခုကိုမြင်တွေ့ရပါလိမ့်မယ်။

ပြီးတာနဲ့ ကိုယ် partition ပိုင်းချင်တဲ့ drive (ဥပမာ Drive C) ပေါ့။ အဲ့ဒီ Drive C ပေါ်မှာ Right Click နှိပ်ပြီး Shrink Volume ဆိုတာကိုနှိပ်ပါ။

ပြီးတာနဲ့ကိုယ်လိုချင်သလောက်ပမာဏကိုရိုက်ထည့်ပါ။ (ဥပမာ - Drive C က 400GB ရှိတယ် ကိုယ်အသစ်ထပ်ပြီး create လုပ်ချင်တဲ့ Drive က 200GB ဆိုရင် 2048000 လို့ရိုက်ထည့်ပါ) 204800MB ဟာ 200GB နဲ့ညီမျှပါတယ်။

Step - 1
ပြီးတာနဲ့ create ဆိုပြီးအသစ် create လုပ်လိုက်ပါ။ Free Space ဆိုပြီး Drive တစ်ခုကို create လုပ်ပေးသွားပါလိမ့်မယ်။
Step - 2
Free Space လို့ပေါ်နေတဲ့ Drive ပေါ်မှာ Right Click နှိပ်ပြီး New Simple Volume ဆိုတာကိုရွေးပါ။
Step – 3
New Simple Volume Wizard ပေါ်လာပါလိမ့်မယ်။ အဲ့ထဲမှာမှကိုယ်လိုချင်သလောက် size (ဥပမာ Free Space က 200GB ရှိတယ် ကိုယ်လိုချင်တာကလည်း 200GB ဆိုရင် Maximum disk space in MB ဆိုတဲ့ ဘေးမှာပေါ်နေတဲ့တန်ဖိုးအတိုင်းကို အောက်မှာပြန်ကူးထည့်ပါ)
Step – 4
ပြီးသွားရင် ကိုယ်ပေးချင်တဲ့ Drive Letter ကိုရွေးပေးပါ (ဥပမာ - E, F)
Step – 5
ပြီးတာနဲ့ အဲ့ဒီ drive ကို format ချဖို့လိုပါတယ်။ ပုံမှာပြထားတဲ့အတိုင်း Format this volume… ကိုရွေးပါ။ File System ဟာ NTFS ဖြစ်ပါစေ။
Step – 6
အားလုံးပြီးသွားတာနဲ့ Finish ကိုနှိပ်ပါ။ ခဏစောင့်ပါ။ သင့် computer မှာ Partition အသစ်တစ်ခု Drive အသစ်ခု (Logical Drive) ကိုရရှိသွားပြီဖြစ်ပါတယ်။

Credit : IT4M

No comments:

Related Posts Plugin for WordPress, Blogger...