Welcome to mmict-zone

wl

-:: MMICT-ZONE မှ ကူးယူတင်ပြသော ဘလော့များအား ဆိုဒ်လိပ်စာထည့်သွင်းပေးပါရန် မေတ္တာရပ်ခံပါတယ် ::-

Wednesday, October 31, 2012

Calculator on Command Prompt (CMD)


Command Prompt မှာ Calculator လို တွက်ဖူးကြလား...
မကြုံဖူးတဲ့လူတွေအတွက်တော့ အသစ်အစမ်းလေးပေါ့...

ကဲ...စမ်းချင်ရင်တော့...
Start>>>Run>>>ပြီးရင် cmd လို့ရိုက်ထည့်။
or
Windows Key + R >>>ပြီးရင် cmd လို့ရိုက်ထည့်။

ပြီးရင် set /a 2+2 လို့ရိုက်ကြည့်ပါဦး...
အဖြေက လေး...ဒါကြောင့် 4 လို့ပေါ်လာပါလိမ့်မည်။
နောက်တစ်ခု set /a 2*(8/2) လို့ရိုက်ကြည့်ပါ...
အဖြေက ရှစ်...ဒါကြောင့် 8 လို့ပေါ်လာပါလိမ့်မည်။

ဒီလိုပါပဲ ကိုယ်တွက်ချင်တဲ့ ဂဏာန်းတွေတွက်လို့ရသွားတာပေါ့...
တစ်ခုတော့ပြောချင်ပါတယ်...
သူက 32-bit integer တွေထိပဲတွက်လို့ရတော့...
32-bit ထက်ကျော်သွားရင်...
"Invalid number. Numbers are limited to 32-bits of precision." လို့ပေါ်လာပါလိမ့်မည်။

ဒီလိုမျိုးလုပ်နိုင်တာကို ပိုသိချင်ရင်တော့
အဲ့ဒီ cmd မှာ ပဲ set /? လို့ရိုက်ကြည့်ပြီး အသေးစိတ်ဖတ်ရှုနိုင်ပါသည်။

ဘာပဲပြောပြော...သူငယ်ချင်းတွေကို ခေါ်ကြွားလို့တော့ရတာပေါ့နော်...:P

No comments:

Related Posts Plugin for WordPress, Blogger...