Welcome to mmict-zone

wl

-:: MMICT-ZONE မှ ကူးယူတင်ပြသော ဘလော့များအား ဆိုဒ်လိပ်စာထည့်သွင်းပေးပါရန် မေတ္တာရပ်ခံပါတယ် ::-

Tuesday, December 4, 2012

Samsung Galaxy S i9000 hard reset လုပ်နည်း။


Samsung Galaxy S  တစ်လုံး OS က reboot ပဲဖြစ်နေပြီး သုံးလို့ မရဘူး ဖြစ်နေတယ်။ အဲဒါနဲ့ hard reset လုပ်ပေးလိုက်တာ အဆင်ပြေသွားလို့ အဲဒီနည်းလေးဖော်ပြပေးလိုက်တယ်။ တခြားအကြောင်းကြောင့် hard reset လုပ်မယ်ဆိုရင် အရင်ဆုံး data တွေကို backup လုပ်ထားပါ။
1. ဖုန်း battery ဖြုတ်ပါ။ ပြီးရင် battery ကိုပြန်တပ်ပါ။








2. volume up ခလုတ် နဲ့ volume down ခလုတ် နှစ်ခုလုံးတစ် ပြိုင်တည်း နှိပ်ထားပါ။ အဲဒီလို ခလုပ်နှစ်ခုတစ်ပြိုင် တည်းနှိပ်ထားချိန်မှာ power ခလုတ် ကိုသုံး လေး စက္ကန့်လောက် ဖိပြီး ပြန်လွတ်လိုက်ပါ။ volume up ခလုတ် နဲ့ volume down ခလုတ် နှစ်ခုလုံး ဆက်နိပ်ထားပေးပါ။ အောက်ကပုံအတိုင်း စာတွေပေါ်လာရင် ခလုတ်တွေလွှတ်လိုက်ပါ။




3. volume down ခလုတ်သုံးပြီး တတိယမြောက် wipe data/factory reset ကိုရွေးပါ။ power button နှိပ်ပေးပြီး select လုပ်ပေးပါ။
4. ပြီးရင် yes -- delete all user data ကိုရွေးပေးပါ။ (အဆင့်၃ကလိုပဲ volume down နဲ့ power button သုံးပါ။)
5. phone ကို reboot လုပ်ပေးပါ ။ ပြန်တက်လာရင် တောင်းတာလေးတွေပြန်ဖြည့်ပေးလိုက် ဒါဆို ok ပြီ။

အဆင်ပြေပါစေ။






No comments:

Related Posts Plugin for WordPress, Blogger...