Piriform.com မှ အလွန်အသုံးဝင်တဲ့ Software များ...
ကျွန်တော်တို့ဒီနေ့ software မိတ်ဆက်အနေနဲ့ piriform.com website က free software လေးတွေနဲ့မိတ်ဆက်ပေးပါရစေ။
ဒီ piriform.com ကနေ free ရနိုင်တဲ့ software လေးတွေကတော့
1. CCleaner

2. Defraggler
3. Recuva
4. Speecy တို့ပဲဖြစ်ပါတယ်။
CCleaner ကတော့ လူတိုင်းသိကြတဲ့ System Cleaning နဲ့ Optimizing Software လေးပဲဖြစ်ပါတယ်။ မလိုအပ်တဲ့ file တွေနဲ့ Browser Cache တွေကိုရှင်းပေးတဲ့အပြင် Registry ကိုလည်းရှင်းပေးပါတယ်။ System Start Up မှာလည်းမလိုတဲ့ program တွေကိုဖြုတ်ထားလို့ရပါတယ်။ ဒီ software လေးကတော့သုံးရတာအရမ်းကိုပေါ့ပါးပြီး အလွန်ကောင်းမွန်တဲ့ freeware လေးတစ်ခုဖြစ်ပါတယ်။
Defraggler ကတော့ Windows မှာ built-in ပါဝင်တဲ့ Disk Defragmenter အမျိုးအစား software ပဲဖြစ်ပါတယ်။ ဒီsoftware လေးကတော့ Disk Defragmenter ထက်ပိုမိုကောင်းမွန်ပြီး hard disk ထဲမှာပြန့်ကျဲနေတဲ့ file အစုဝေး (cluster) တွေကို ပြန်စည်ပေးပြီး Windows ကိုသုံးရတာပိုမြန်အောင်ပြုလုပ်ပေးပါတယ်။ အလွန်ကောင်းမွန်တဲ့ optimizing freeware လေးတစ်ခုဖြစ်ပါတယ်။
Recuva ကတော့ data recovery software အမျိုးအစားပဲဖြစ်ပါတယ်။ မိမိ hard disk ထဲမှာရှိတဲ့ data ပဲဖြစ်ဖြစ် removable media (USB Stick, External Hard Disk) အစရှိတဲ့ storage device တွေထဲမှာသိမ်းထားတဲ့ data တွေကို မှားဖျက်မိတာပဲဖြစ်ဖြစ် format ချမိတာပဲဖြစ်ဖြစ် virus ကြောင့်ဖြစ်ဖြစ် ပျက်စီးသွားတဲ့အခါမှာ မူလပကတိအတိုင်းပြန်ရအောင် recover လုပ်နိုင်တဲ့ အလွန်အသုံးတဲ့ freeware တစ်ခုပဲဖြစ်ပါတယ်။
Speecy ကတော့ System Information ကို အစုံအလင်ကြည့်ရှုနိုင်တဲ့ CPUID လို software အမျိုးအစားဖြစ်ပြီး မိမိ computer မှာတက်ဆင်ထားတဲ့ device တစ်ခုချင်းစီတွေရဲ့ information တွေသာမက Windows ရဲ့ information တွေကိုလည်းအသေးစိတ်ကြည့်ရှုနိုင်ပါတယ်။ သုံးရတာအလွန်ပေါ့ပါးတဲ့ freeware တစ်ခုဖြစ်ပါတယ်။
အခုအပေါ်ကပြောခဲ့တဲ့ softwareအားလုံးကို Windows 2000, XP, Vista, 7 အစရှိတဲ့ Windows Version များမှာ 32bit အနေနဲ့ကော 64bit အနေနဲ့ကောအသုံးပြုလို့ရနိုင်ပြီးfree ရရှိနိုင်ပါတယ်။ တစ်ခြား ဒီ free ကိုမသုံးချင်ရင် ဒီထက်ပိုမို features တွေပါဝင်တဲ့ business edition တွေကိုလည်း အခကြေးငွေပေးပြီးဝယ်ယူရရှိနိုင်ပါတယ်။ computer နေ့စဉ်အသုံးပြုသူတွေအတွက်အလွန်အသုံးတည့်တဲ့ software လေးတွေဖြစ်ပါတယ်။
Download Link:
http://www.piriform.com/download
Credit : IT4M

No comments:
Post a Comment